မတူပီမြို့မှ လူငယ်(၆)ဦးအား ထောင်ဒဏ်လေးနှစ်ခွဲစီချမှတ်လိုက်သည့်အမှုတွင် အမှန်တစ်ကယ် မကျူးလွန်သူများ ပါဝင်နေဟုဆို

ချင်းပြည်နယ် မတူပီမြို့တွင် ဖေဖော်ဝါရီ ၂ဝရက် ချင်းအမျိုးသားနေ့တွင်ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့်ဟုဆိုကာ လူငယ်(၆)ဦးအား ထောင်ဒဏ် ၄နှစ်ခွဲစီချမှတ်လိုက်သည့်အမှုတွင် အမှန်တစ်ကယ် မကျူးလွန်သူများပါဝင်နေကြောင်း ထောင်ဒဏ်ချမှတ်ခံရသည့်ထဲတွင်ပါဝင်သူ၏ မိဘဖြစ်သူထံမှ သိရသည်။ “ကျမတို့သားက အဲဒီအခင်းဖြစ်တဲ့ညတုန်းက ဆယ်နာရီမှာပြန်လာတယ်၊ သူက အဲဒီမတိုင်ခင် လေဖြတ်ထားတာကြောင့် စောစောပြန်လာဖို့ပြောထားတယ်၊ သူလည်း ဆယ်နာရီလောက်ပြန်ရောက်တယ်၊ သူနဲ့အတူတူအိပ်တဲ့ ကျမတို့ဆီမှာနေတဲ့ ကျောင်းသားလေးကလည်း ဆယ်နာရီပြန်ရောက်တယ်လို့သေချာပြောတယ်၊ တစ်ကယ်အခင်းဖြစ်တဲ့အချိန်က ၁၁နာရီလောက်မှာ ဖြစ်တယ်လို့သိရတယ်၊ …

Read More